ငါးသိုင်းချောင်း ဇွန် ၁၃ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစီအစဉ်ဖြင့် တာတမံထိမ်းသိမ်းနည်းနှင့် ရေဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကို
ဇွန် (၁၂)ရက်
နံနက်၁၀ အချိန်ခွဲအချိန်က ငါးသိုင်းချောင်းမြို့ ငဝန်ရေကာတာ ဗောဓိရေကင်းစခန်းအမှတ်(၂) တာမိုင်(၄၆/၀)တွင် ကျင်းပရာ ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ငါးသိုင်းချောင်းမြို့ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ မြို့သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ငဝန်ရေကာတာ ဗောဓိရေကင်းစခန်းယာယီ ရှင်းလင်းဆောင်၌ တာတမံထိန်းသိမ်းခြင်းနှင့် ဆည်မြောင်းတာတမံဆိုင်ရာဥပဒေများအား မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်းဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ရေကြည်မြို့နယ်အတွင်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ငဝန်ရေကာတာတစ်လျောက်ရှိ မြို့၊ ရွာ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူလူထု အားလုံးပူးပေါင်း၍ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်၊ အစီအမံများ အသင့်ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းခိုင်ဝင်း က ပြောကြားခဲ့ကြောင်း သိရှိရသည်။
*****
ဒီသတင်းကို
ဆန်းတင့်-M.U.N(TV)သတင်းထောက်က
ရေကြည်မြို့ကနေပေးပို့ထားသည်

KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ

ReplyForward





















နေပြည်တော်၊ ဇွန် ၁၃
ကလေးမြို့နယ်၌ မူးယစ်ဆေးဝါးဖမ်းဆီးစဉ်
ပြန်လည်ရန်ပြုသဖြင့်ပစ်ခက်ရာတရားခံအမျိုးးသား
တစ်ဦးကျည်ထိမှန်သေဆုံးမှုနှင့်ဘိန်းဖြူ
များဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့
ကသတင်းထုတိပြန်ထားကြောင်းသိရသည်
ဖြစ်စဉ်မှာ
၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မယတစု(၅)ကလေးမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့နယ် မော်လိုက်ကလေး ကျေးရွာဟောင်း(တောင်ရွာ)နေ မိုးကျော်(၃၃)နှစ် (ဖ)ဦးရွှေဦး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ မိုးကျော်သည် အရှည် ၂ ပေခန့် ဓားဖြင့် ပူးပေါင်းအဖွဲ့အား လိုက်လံခုတ်ခဲ့၊ ရဲတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ခဲ့ရာ မိုးကျော်တွင် ယာပါးမှ ဝဲနားနောက် ကျည်ဝင်/ထွက် ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ဘိန်းဖြူ ၅ ဂရမ်(၁ ဂရမ်လျှင် ကျပ် ၁ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် ၅ သိန်းခန့်)နှင့် ဓား ၂ ချောင်းအား သိမ်းဆည်းရမိခဲ့ပြီး မိုးကျော်အား ကလေးပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသခဲ့သော်လည်း ဆေးရုံ၌သေဆုံးသွားခဲ့ကြောင်းနှင့် ကလေးမြို့မရဲစခန်းမယ(ပ)၈၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။

ကလေးမြို့နယ်၌ မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ပြန်လည်ရန်ပြုသဖြင့် ပစ်ခတ်ရာ တရားခံ အမျိုးသား ၁ ဦး ကျည်ထိမှန် သေဆုံးမှုနှင့် ဘိန်းဖြူ ၅ ဂရမ် ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၁၃
၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မယတစု(၅)ကလေးမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့နယ် မော်လိုက်ကလေး ကျေးရွာဟောင်း(တောင်ရွာ)နေ မိုးကျော်(၃၃)နှစ် (ဖ)ဦးရွှေဦး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ မိုးကျော်သည် အရှည် ၂ ပေခန့် ဓားဖြင့် ပူးပေါင်းအဖွဲ့အား လိုက်လံခုတ်ခဲ့၊ ရဲတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ခဲ့ရာ မိုးကျော်တွင် ယာပါးမှ ဝဲနားနောက် ကျည်ဝင်/ထွက် ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ဘိန်းဖြူ ၅ ဂရမ်(၁ ဂရမ်လျှင် ကျပ် ၁ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် ၅ သိန်းခန့်)နှင့် ဓား ၂ ချောင်းအား သိမ်းဆည်းရမိခဲ့ပြီး မိုးကျော်အား ကလေးပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသခဲ့သော်လည်း ဆေးရုံ၌သေဆုံးသွားခဲ့ကြောင်းနှင့် ကလေးမြို့မရဲစခန်းမယ(ပ)၈၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း
မြနိမာနိုင်ငံရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်များအရ
သိရသည်
------
သူရစိုး--M.U.N(TV)ကလေး
photoရဲတပ်ဖွဲ့

KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ

ReplyForward





















မလိုင် ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မလိုင်မြို့မ
ရဲစခန်းနယ်မြေ၌ ဇွနိ(၁၂)ရက်ညနေ(၇)နာရီ
အချိန်ခန့်၌ နယ်ထိန်းခေါင်ဆောင်ဦးဆောင်ပါဝင်
သည် နယ်ထိန်းအဖွဲ့မှ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း နယ်ထိန်းခေါင်ဆောင်ဒုရဲအုပ် စန်းမြိုင်ထံကသိရသည်ဖြစ်စဉ်မှာ
မလိုင်မြို့မရဲစခန်းမှနယ်ထိန်းခေါင်ဆောင်ဒုရဲအုပ်
စန်းမြိုင်ဦးဆောင်ပါဝင်သည် နယ်ထိန်းဒုတပ်ကြပ်
ဝင်းဇော်ဦးနှင့်ရဲတပ်ဖွဲ့ဝင်များသည်နယ်မြေသတင်း
စုံစမ်းနေစဉ်မလိုင်မြို့နယ်ကုန်းတဲကျေးရွာအုပ်စု
ကုန်းတဲဆည်မြောင်းဘက်တွင်နေထိုင်သူ
ခင်မောင်ကျော်(၃၇)နှစ်ဘ/ဦးညီဟန်
ကုန်းတဲဆည်မြောက်ရွာ မလိုင်မြို့နယ် နေသူအား
မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေကြောင်းသတင်း
အရ သက်သေများနှင့်အတူမြို့နယ်ရဲတပ်ဖွဲ့မူး၏
နေအိမ်သို့ရှာဖွေခွင့်ဝရမ်းအအမှတ် ၃/၂၀၁၉ ဖြင့်
ဝင်ရောက်ရှာဖွေရာ ဝေယံအေး(၂၀)နှစ်ဘ/
ဦးအေးသောင်းနယ်မြေ(၈)အမှတ်(၁)ရပ်ကွက်
မလိုင်မြို့နေသူအား ၄င်းနေအိမ်၌တွေရှိပြီး
သက်သေများနှင့်ဆက်လက်ရှာဖွေရာနေအိမ်
အတွင်းရှိဘီဒိုအပေါ်တွင် 88/1 စာတန်းပါ
ပနိးဆီရောင်စိတ်ကြွရူးသွပ်ဆေးပြားဟုထင်ရသော
(၁၅၄)ပြားပါ အလေးချိန်(၁၃.၈၆)ဂရမ်
၎င်း၏ခန့်မှန်တန်ဖိုးငွေစုစုပေါင်း(၁၈၄၈၀၀)ကျပ်
ခန့်နှင့်ဘီဒိုဘေးခန်းဒေါင့်တွင် 88/1 စာတန်းပါ
ပန်းဆီရောင်စိတိကြွရူးသွပ်ဆေးပြား(၃)ပြား
စုစုပေါင်း စိတိကြွရူးသွပ်ဆေးပြား (၁၅၇)ပြား
နှင့်မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည်
ဆပ်စပ်ပစ္စည်းများနှင့် ငွေစက္ကူ ရောရာ
(၂၀၀၀၀)ကျပ်တို့အားတွေရှိသဖြင့်၎င်းတို့နှစ်ဦး
အားဖမ်းဆီးပြီး စစ်ဆေးရာ ၄င်းတို့သည်
ရောင်းချရန်နှင့်သုံးစွဲရန်စစ်ဆေးပေါ်ပေါက်
သဖြင့် ခင်မောင်ကျော်နှင့် ဝေယံအေးတို့
နှစ်ဦးအား မလိုငိမြို့မရဲစခန်းက
မယ(ပ)၁/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၉-(က)၂၀(က)
/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိ
ကြောင်း မလိုင်မြို့မ ရဲစခန်း မှနယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်စန်းမြိုင်ထံက
သိရသည်
------
KK--M.U.N(TV)M.D.N
အထက်မြနိမာပြည် တာဝန်ခံအယ်ဒီတာ
GDA--မလိုင်

ReplyForward





















နေပြည်တော် ဇွန်လ( ၁၂ )ရက်---------------------------ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ.ဝ.က)ရုံးမှ မြို့နယ်ဦးစီးမှူး တိုက်နယ်မှူး များသည် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယားပြုလုပ်ခြင်းနှင့် မွေး/တိုး စာရင်းပြုလုပ်ခြင်း တို့အပေါ် ငွေကြေးတောင်းခံရယူ ဆောင်ရွက်ပေးနေခြင်းအား အရေးယူ ပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်၊ မွေး/တိုးပြုလုပ်ရန်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ရန်တို့အတွက် စုစုပေါင်းငွေကျပ်(၁၂)သိန်း (၈)သောင်းကိုလည်းကောင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်သည် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန်အတွက် ငွေကျပ် (၁၀)သိန်းကိုလည်းကောင်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်သည် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ရန်အတွက် ငွေကျပ်(၁၅)သိန်းကိုလည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်သည် အိမ်ထောင်စုစာရင်း ပြုလုပ်ရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်တို့အတွက် ငွေကျပ် (၂၁)သိန်း၊ အကျိုးဆောင် အဖြစ် ဆောင်ရွက်သူ ဒေါ်မာရှောက်ဆန်းထံမှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀)ခု ပြုလုပ် ပေးခြင်းအတွက် ငွေကျပ်(၅)သိန်းနှင့် မွေး/တိုးပြုလုပ်ခြင်းအတွက် ငွေကျပ်(၆.၈)သိန်းတို့ကို လည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်သည် အိမ်ထောင်စု စာရင်း ပြုလုပ်ခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့ အတွက်ငွေကျပ်(၁၄)သိန်း၊ မွေး/တိုးပြုလုပ်ခြင်းအတွက်ငွေကျပ်(၂)သိန်းတို့ကိုလည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းသည် အိမ်ထောင်စုစာရင်း အမည် ပြင်ဆင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် ငွေကျပ် (၉)သိန်းကို လည်းကောင်း တောင်းခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဉီးကျော်သူဟိန်းသည် မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်း အိမ်ထောင်စုခွဲခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် တောင်းခံထားသည့် ငွေကျပ် (၁၂)သိန်း (၈)သောင်းကို လက်ခံရယူပေးခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀)ခု ပြုလုပ်ခြင်းအတွက် ဒေါ်မာရှောက်ဆန်းက ဦးထက်ဝင့်အောင်ထံမှ ငွေကျပ် တစ်သိန်း လက်ခံရယူခဲ့ခြင်းဖြင့် ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး (လဝက-၁၆၅၃၂) ဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး (လဝက-၆၉၃၅) ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၇၁၂၆) ဦးရန်ဝင်းအောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၁၆၆၈၆) ဦးထက်ဝင့်အောင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး (လဝက-၁၅၇၅၉)ဒေါ်အိအိမွန်အောင် နှင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၁၅၇၉၁) ဒေါ်ခင်မေထွန်း တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၁၆၄၆၁) ဉီးကျော်သူဟိန်းနှင့် ဒေါ်မာရှောက်ဆန်း တို့ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရှမ်းပြည်နယ်၊ လားရှိုးမြို့မရဲစခန်းတွင် ၁၂-၆-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ
ကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်အရသိရသည်

M.U.N(TV)M.DN

ReplyForward





















နေပြည်တော်၊ ဇွန်လ (၁၂) ရက်
-------------------------------------------
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး H.E. Ms. Andrea Faulkner အား ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဌာန (၁၈) ခုတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့(CPU) ဖွဲ့စည်းဆောင်ရွက်နေမှု၊ ကျောင်းသားလူငယ်များ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးအတွက် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ပညာပေးအစီအစဉ်များ ဆောင်ရွက်နေမှု၊ ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းကို နေပြည်တော်တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့မှု၊ အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ် ပေးရေး ဥပဒေ (မူကြမ်း) ရေးဆွဲဆောင်ရွက်နေမှု အပါအဝင် ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက် ခဲ့ကြ
ကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်မအရ
သိရသည်

kk--M.U.N(TV)MDN

တာဝန်ခံအယ်ဒီတာ

နန်းနန်း-M.U.N(TV) နေပြည်တော်

------------ရေကြည် ဇွန် ၁၂ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တေဇာသီရိခန်းမ၌ ယနေ့နံက် ၁၀ နာရီတွင် လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို အပိုင်း(၂)ပိုင်းခွဲပြီးကျင်းပပြုလုပ်ကြောင်းသိရသည်။
ပထမပိုင်းတွင်း အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးမျိုးညွန့်မှအဖွင့်အမှာစကားပြောကြားခြင်း ထိုနောက်ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း ကအမှာစကားပြောကြားခြင်းနှင့် ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင် ကပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များပြောကြားပြီး ပထမပိုင်းအခန်းအနားပြီးစီးကြောင်းသိရသည်။
ဒုတိယပိုင်းကိုဆက်လက်ကျင်းပရာ "လူငယ်နှင့် မူးယစ်ဆေး"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေနွေးသူများနေရာယူခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးမျိုးညွန့် ရေကြည်မြို့နယ် မြို့မရဲစခန်းမှ ရဲမှူးအောင်ကံညွန့် မြို့နယ်ကျန်းမာရေး ဒေါက်တာဇော်အောင် မြို့နယ်ပညာမှူးရုံးမှ ပညာရေးမှူး ဒေါ်ခင်ခင်အေး မြို့နယ် ဥပဒေအရာရှိ မြို့နယ်ဥပဒေရုံးမှ ဒေါ်မေသဲဇော် နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးစီစီအောင် တို့(၆) ဦးသည် "လူငယ်နှင့် မူးရစ်ဆေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဦးဆောင် ဆွေးနွေးကြသည်။
တက်ရောက်လာသော ကျောင်းသား-ကျောင်းသူများနှင့် ကျောင်းသားမိဘများက မိမိတို့သိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားပြီး ပြည်သူ့စကားဝိုင်း တက်ရောက်နားထောင်သူ ၃၀၀ ကျော်ခန့်ရှိပြီး အခန်းအနားအပြီးတွင် မှတ်တမ်းဓာတ်ပုံများရိုက်ခြင်း နှင့် ပြည်သူ့စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပကြောင်းသိရှိရသည်
***
ဒီသတင်းကို
ဆန်းတင့် M.U.N(TV)
သတင်းထောက် ကရေကြည်မြို့ကနေ ပေးပိုထားသည်

KK--M.U.N(Tv)တာဝန်ခံအယ်ဒီတာ

ReplyForward






















နေပြည်တော် ဇွန် ၁၁
ဖမ်းဝရမ်းထုတ်ဆင့်ထားသည်တရားခံကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်အား
မန္တလေးတိုင်းဒေသကြီး မိတ္တီလာခရိုင်ဝမ်းတွင်း
မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည် ဖြစ်စဉ်
မှာ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံး၊ ရာကြီးမှုအမှတ် ၈၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားရုံး ဖမ်းဝရမ်းထုတ်ဆင့်ထားသည့် တရားခံ ကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့် (၄၃)နှစ်၊ (ဘ)ဦးစိုးမင်းသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဖလံကျင်းကျေးရွာနေ ၎င်း၏ယောက်ခမတော်စပ်သူ ဦးကျော်မောင်၏နေအိမ်သို့ ရောက်ရှိပုန်းခိုနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်များက ယနေ့(ဇွန် ၁၀)တွင် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးရာ ဖမ်းဆီးရမိကြာင်းရဲမှတ်တမ်းများအရသိရသည်
****
KG- -M.U.N(TV)သတင်းထောက်က
ဝမ်းတွင်းမြို့ကနေပေးပို့ထားသည်

KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ
photo ရဲတပ်ဖွဲ့

ReplyForward






















မြန်အောင် ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် အင်ပင်မြို့အထကကျောင်းတွင်ပညာသင်ကြားနေသူအင်ပင်မြို့အမှတ်(၃)ရပ်ကွက်တွင်နေထိုင်နေသည့် ဒေါ် ---သမီးဖြစ်သူ မ ---(၁)တန်းကျောင်းသူ မှာ(4-6-2019)နေ့ကျောင်းတက်နေချိန်၎င်းမိန်းကလေးငယ် မ - --မှာတခြားမိန်းကလေးငယ်အဖော်တဦးနှင့်ကျောင်းအိမ်သာသို့သွားရာအဖော်ဖြစ်သူမိန်းကလေးငယ်မှအရင်ပြန်နှင့်ရာတစ်ဦးတည်းကျန်နေစဉ်(၉)တန်းကျောင်းသားတရပ်ကွက်ထဲနေဟိန်းမင်းဝေဆိုသူမှရောက်လာပြီးမိန်းကလေးငယ်အားပါးစပ်ပိတ်၍အိမ်သာထဲခေါ်ဆောင်သွားပြီးမိန်းကလေးငယ်၏မိန်းမကိုယ်နောက်ပေါက်အားကျင့်ကျန်ခဲ့သည်ကိုကျောင်းဆင်းချိန်မိန်းကလေးငယ်၏မိခင်မှကျောင်းသို့သမီးဖြစ်သူမ အားလာရောက်ကြိုပြီးအိမ်ပြန်ရောက်ချိန်သမီးလုပ်သူမှထမင်းစားခြင်သည်ဆို၍ထမင်းစားပြီးရေချိုရန်အဝတ်အစားချွတ်၍အိမ်သာတက်ခြင်သည်ဆိုကာအိမ်သာသွားတက်ရာမ - မှအမေရေလာပါအုံးသမီး သွေးတွေထွက်နေသည်ပြောရာမိခင်မှသွေးတွေမြင်၍လန့်ဖြန့်ပြီးရေဆေးချလိုက်သည်သမီးဖြစ်သူအားမေးမြန်းရာကိုကိုမှသမီးဟာကိုလုပ်သည်ဟုပြောသည်မိခင်မှကြားသိပြီးနောက်တနေ့ကျောင်းလိုက်ပို့ရာကျောင်းနားမှဆိုင်ကယ်ဆိုင်တွင် တရပ်ကွက်ထဲနေ(အဖ)ဦးနိုင်ဝင်း၏သား ဟိန်းမင်းဝေ ကိုမ -- -မှတွေ့သွားပြီးမိခင်အားသမီးကိုလုပ်တာအဲ့ဒီကိုကိုပေါ့လို့ပြောပြသဖြင့်မိခင်လုပ်သူမှာသိရှိခဲ့ရသည် (5-6-2019)နေ့တွင်စာသင်ကျောင်းသို့သွားရောက်ပြီးအတန်းပိုင်ဆရာအားမိခင်လုပ်သူမှပြောပြရာအတန်းပိုင်ဆရာကျောင်းအုပ်ဆရာနှင့်တခြားဆရာမများပါမ - -အားမေးမြန်းရာအခင်းဖြစ်ပွားပုံအစအဆုံးပြောပြပြီးအခင်းဖြစ်ပွားရာနေရာသို့လည်းလိုက်လံပြသခဲ့သည် မ - - မှာနာကျင်လာသဖြင့်ဆရာမမှာဆေးဝယ်တိုက်ရန်မိခင်လုပ်သူမားပိုက်ဆံ (500)ရာကျပ်ထုတ်ပေးရာမိခင်မှမိမိမှာပါသည်ဆို၍ဆေးထွက်ဝယ်ပြီး မ - အားတိုက်ခဲ့ရသည် /ဆေးတိုက်ပြီးကျောင်းဆက်တက်နေစဉ်(8-6-2019)နေ့တွင် မ --- မှာနာကျင်၍ကိုယ်ပူပြီး နေမကောင်းဖြစ်ရာမိခင်မှနီးစပ်ရာအကူအညီတောင်းခံရာ အ-ထ-ကမှကျောင်းအုပ်ဆရာကြီးကယ်တိုင်အင်ပင်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်(9-6-2019) နေ့ညတွင်အင်ပင်နယ်မြေရဲစခန်းတွင် မ --၏မိခင်ဖြစ်သူမှသွားရောက်တိုင်တန်းအမှု့ဖွင့်ခဲ့သည်/ (11-6-2019) နေ့အထိအင်ပင်ဆေးရုံတွင်ဆေးကုသမှု့ခံယူနေသည့်မ --မှဆေးရုံစတက်စဉ်ထဲမှယနေ့အချိန်အထိကိုယ်ပူပြီးအဖျားမကျသေးပါ ၎င်းမ --အားအင်ပင်ဆေးရုံမှ ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှစိတ်ကျမ္မာရေးဆေးရုံသို့ဆေးစစ်ရန်လွှဲစာဖြင့်လွှတ်လိုက်သည်ဆေးစစ်ပြီးမ ---မှာအင်ပင်တိုက်နယ်ဆေးရုံတွင်ပြန်လည်ဆေးကုသမှု့ခံယူနေရသည်ဟုကြားသိရသည် "၎င်းအမှု့ကိုအင်ပင်နယ်မြေရဲစခန်းမှစခန်းမှုးရဲအုပ်မျိုးဝင်းနိုင်(မှ)(အဖ)ဦးနိုင်ထွန်း၏သား ဟိန်းမင်းဝေအား( ပ )၅၁၅ /2019 ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ဖြင့်အမှု့ဖွင့်စစ်ဆေးလျှက်ရှိကြောင်း
အဆိုပါရဲစခန်း မှတ်တမ်းများအရသိရသည်
-----
ဒီသတင်းကို
မမြတ်လေး --M.U.N(TV)သတင်းထောက်က
ဟင်္သာတ မြို့ကနေပေးပို့ထားသည်

KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ

ReplyForward





http://bit.ly/2F4YeZT
















မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးး
(ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး)၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နှင့်ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် (ယခု မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်) တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထား
************************************
နေပြည်တော် ဇွန်(၁၀)
-------------------------------
မကွေးတိုင်းဒေသကြီးပေါက်မြို့နယ်အုပ်ချူပ်ရေးမူး
ပေါက်မြို့နယ်ရဲတပ်ဖွဲ့မူးး ကျေးရွာအုပ်ချူပ်ရေးမူး
(ဟောင်း)ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် တစ်ဦး
တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
ဖြင့် ဇွန်လ (၈)ရက်နေ့ကအမှုဖွင့်ထားကြောင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏
ထုတ်ပြန်ချက်အရသိရသည် ဖြစ်စဉ်မှာ
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေအတွင်းရှိ သရက္ကန်ကျေးရွာတွင် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေနှင့်ဆန့်ကျင်၍ ရေနံထုတ်လုပ်ခြင်းနှင့် ရေနံ တူးဖော်ခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ ရေနံတူးဖော်နေသူများ၊ ပေါက်မြို့နယ်မှ မုံရွာမြို့နယ်သို့ သယ်ယူပို့ဆောင်ခွင့် မျှောစာမရှိဘဲ တရားမဝင် ရေနံတူးဖော်/ သယ်ဆောင်နေသူများထံမှ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ငွေကြေး ကောက်ခံ ရယူခဲ့သည့် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြား
ခဲ့ကြောင်း
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် သရက္ကန်၊ လယ်အို၊ လက်ပံတို ဒေသများရှိ တရားမဝင် ရေနံချက်ဖိုများမှ ငွေကြေးကောက်ခံရန် တရားမဝင် ညှိနှိုင်း ဆွေးနွေးခြင်း၊ သရက္ကန်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေမှ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းသည် ငွေကျပ် ၈၈,၅၀,၀၀ဝိ/ကိုလည်းကောင်း၊ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး) သည် ငွေကျပ် ၁၇,၆၀,၀၀ဝိ/- ကိုလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦး သည် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်စဉ် ငွေကျပ် ၇၇၁,၄၉,၈၀ဝိ/- ကို လည်းကောင်း၊ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော်(ယခု မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်)သည် ငွေကျပ် ၄,၅၀,၀၀ဝိ/- ကိုလည်းကောင်း အကြိမ်ကြိမ်ခွဲ၍ ရယူခဲ့ခြင်း သည် လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ တံစိုးလက်ဆောင်အဖြစ် ငွေကြေးများ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးနှင့် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့မရဲစခန်းတွင် ၇-၆-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေးဆောင်ရွက်လျက် 
ရှိကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်များအရ
သိရသည်
*****
KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ

ReplyForward





မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးး
(ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး)၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း နှင့်ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် (ယခု မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်) တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထား
************************************
နေပြည်တော် ဇွန်(၁၀)
-------------------------------
မကွေးတိုင်းဒေသကြီးပေါက်မြို့နယ်အုပ်ချူပ်ရေးမူး
ပေါက်မြို့နယ်ရဲတပ်ဖွဲ့မူးး ကျေးရွာအုပ်ချူပ်ရေးမူး
(ဟောင်း)ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် တစ်ဦး
တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
ဖြင့် ဇွန်လ (၈)ရက်နေ့ကအမှုဖွင့်ထားကြောင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏
ထုတ်ပြန်ချက်အရသိရသည် ဖြစ်စဉ်မှာ
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေအတွင်းရှိ သရက္ကန်ကျေးရွာတွင် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေနှင့်ဆန့်ကျင်၍ ရေနံထုတ်လုပ်ခြင်းနှင့် ရေနံ တူးဖော်ခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ ရေနံတူးဖော်နေသူများ၊ ပေါက်မြို့နယ်မှ မုံရွာမြို့နယ်သို့ သယ်ယူပို့ဆောင်ခွင့် မျှောစာမရှိဘဲ တရားမဝင် ရေနံတူးဖော်/ သယ်ဆောင်နေသူများထံမှ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ငွေကြေး ကောက်ခံ ရယူခဲ့သည့် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြား
ခဲ့ကြောင်း
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် သရက္ကန်၊ လယ်အို၊ လက်ပံတို ဒေသများရှိ တရားမဝင် ရေနံချက်ဖိုများမှ ငွေကြေးကောက်ခံရန် တရားမဝင် ညှိနှိုင်း ဆွေးနွေးခြင်း၊ သရက္ကန်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေမှ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်းသည် ငွေကျပ် ၈၈,၅၀,၀၀ဝိ/ကိုလည်းကောင်း၊ ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး) သည် ငွေကျပ် ၁၇,၆၀,၀၀ဝိ/- ကိုလည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦး သည် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်စဉ် ငွေကျပ် ၇၇၁,၄၉,၈၀ဝိ/- ကို လည်းကောင်း၊ ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော်(ယခု မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်)သည် ငွေကျပ် ၄,၅၀,၀၀ဝိ/- ကိုလည်းကောင်း အကြိမ်ကြိမ်ခွဲ၍ ရယူခဲ့ခြင်း သည် လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ တံစိုးလက်ဆောင်အဖြစ် ငွေကြေးများ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးနှင့် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းဇော် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့မရဲစခန်းတွင် ၇-၆-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေးဆောင်ရွက်လျက် 
ရှိကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်များအရ
သိရသည်
*****
KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ

ReplyForward




































မလှိုင် ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး-မိတ္ထီလာခရိုင်-မလှိုင်မြို့နယ်-လယ်ဗျာကျေးရွ
အုပ်စု ရေပေါ်ကျေးရွာတွင် (၉-၆-၂၀၁၉)ရက်နေ့ ၇ နာရီအချိန်ခန့်တွင် တစ်ရွာတည်းအတူနေထိုင်သည့် အမဖြစ်သူ ဒေါ်ညိုနေအိမ်၌ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်၍ ဒဏ်ရာများရရှိကြောင်းကြားသိသဖြင့် သွားရောက်ကြည့်ခဲ့ရာ ဒေါ်ညိုတွင်ဦးခေါင်းဝဲ/ယာ၌ပေါက်ပြဲဒဏ်ရာ(၂)ချက် ဝဲဘက်နောက်ကြောတွင်ပြတ်ရှဒဏ်ရာတစ်ချက်(၁)ချက် ဝဲဘက်လက်သန်းပြတ်ရှဒဏ်ရာနှင့်သားဖြစ်သူ မောင်ဝေဖြိုး အတူနေထိုင်သူတွင် ဝဲဘက်လက်ဖဝါး ပြတ်ရှဒဏ်ရာ(၁)ချက် တွေ့ရှိရသဖြင့် ဒေါ်ညိုအားမေးမြန်းရာ ဦးအောင်မြင့်မှဦးခေါင်းအား တူဖြင့်ထု၍ ဦးခေါင်းဝဲ/ယာတွင်ဒဏ်ရာရှိခဲ့ပြီး-ဓားဖြင့်ခုတ်သဖြင့် ဝဲဘက်နောက်ကြောတွင်( ၃ )လက်မခန့် ပြတ်ရှဒဏ်ရာများရရှိကြောင်း-မောင်ဝေဖြိုးမှ မိဘနှစ်ဦးစကားများရန်ဖြစ်နေစဉ် ဝင်ရောက်ဖြန်ဖြေသဖြင့် မောင်ဝေဖြိုး၏ ဝဲဘက်လက်ဖဝါးတွင်ပြတ်ရှဒဏ်ရာ( ၁ )ချက်ရှိကြောင်းပြန်လည်ပြောပြသဖြင့် ဒေါ်ညိုအားတူဖြင့်ထုခြင်း-ဓားဖြင့်ခုတ် တူဖြစ်သူမောင်ဝေဖြိုးတွင်မောင်ဝေဖြိုးတွင်ပြတ်ရှဒဏ်ရားများရရှိအောင်ပြုလုပ်ခြင်းတို့အတွက် ၂၀၁၉ ခုနှစ်ဇွန်လ ၉ ရက် ၁၂ နာရီအချိန်ခန့်တွင် ဆည်တိုရဲကင်းစခန်း (ပ) ၁၄/၂၀၁၉ -ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၂၆ ဦးအောင်မြင့် မွေးမြူရေးလုပ်ငန်း-ရေပေါ်ကျေးရွာ-လယ်ဗျာကျေးရွာအုပ်စု-မလှိုင်မြို့နယ်နေသူအား ဖမ်းဆီးရမိရေးအတွက် ရဲအုပ် အောင်ဝင်းလှိုင်ဦးဆောင်သည့်တပ်ဖွဲ့နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ရွှေတိုး-ကျေးရွာတာဝန်ခံ ဦးကျော်ဆန်းတို့နှင့်အတူ လိုက်လံစုံစမ်းရှာဖွေရာတွင် ၁၄၁၀ နာရီအချိန်၌ ဦးအောင်မြင့်နေထိုင်ရာနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝန်းအတွင်း၌(၄×၃)ပင် မြေစိုက်သွပ်မိုး နွားတဲအတွင်ရှိ နွားစာများသိုလှောင်ထားသော နွားစာတိုက်အပေါ်တွင် အမြင့် ၇ ပေခန့်ရှိ ထုတ်တန်းအရှည် ၈ ပေခန့် လုံးပါတ်လက်ညှိးခန့်ရှိ အနီရောင်ချည်ကြိုးဖြင့် ချီနှောင်ကာ လည်ပင်းတွင်ကြိုးကွင်းစွပ်လျှက် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရပြီး ၄င်းခန္ဒာကိုယ်အားစစ်ဆေးရာ ဝဲဘက်ဒူးပွန်းပဲ့ဒဏ်ရာနှင့် ဦးခေါင်ဝဲဘက်ချိုစောင်း ပွန်းပဲ့ပေါက်ပြဲဒဏ်ရာတို့အားတွေ့ရှိရပြီး ဇနှီးဒေါ်ညို မွေးမြူရေးလုပ် ရေပေါ်ကျေးရွာ-လယ်ဗျာအုပ်စု - မလှိုင်မြို့နယ်နေသူနှင့် စကားများရန်ဖြစ်စဉ် အပြန်အလန်ရိုက်နှက်ခဲ့ရာမှ ရရှိသောဒဏ်ရာများဖြစ်ကြောင်း အခင်းဖြစ်စဉ် ဝင်ရောက်ဖြန်ဖြေပေးသည့် သားဖြစ်သူ မောင်ဝေဖြိုး (၁၃) နှစ်မှပြောပြသိရှိရသဖြင့် ဦးအောင်မြင့်သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးပေးနိုင်ပါရန် တိုင်တန်းသဖြင့် ၂၀၁၉ ခုနှစ် ဇွန် ၉ ရက် ၁၅၃၀ နာရီအချိန် ဆည်တိုရဲကင်းစခန်း သေမှုသေခင်အမှတ်စဉ်(၁/၂၀၁၉)ဖြင့်ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း
ဆည်တိုနယ်မြေရဲစခန်းမှတ်တမ်းများအရ
သိရသည်
*****
KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ
RD မလိုင်

ReplyForward











ရေကြည် ဇွန် ၁၁ (သတင်းရုပ်သံ)

၁/ကျွှန်မ မှာယောက်ကျားမရှိတာကြောင့်ကြုံရာ
အလုပ်လေးနဲ့မိသားစားဝတ်နေရေအဆင်ြေ
အောင် ထမင်းချက်အလုပ်ကိုရိုးသားစွာလုပ်ကိုင်
နေတာပါ ဒါကို အခုတိုင်းတန်းသူက ကျန်မတို
လိုင်စင်မဲ့အရက်ရောင်းတယ်ဟု ဆိုပြီးတိုင်းကြား
ချက်အရဆိုကာ ရဲတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ်
လာရောက်စစ်ဆေးခြင်းများခံရတာကြောင့်
အရမ်းကိုအရှက်ရပြီးအိမ်အပြန်တောင်မထွက်
ရဲတော့ဘူး ဟု နစ်နာသူကာယကံရှင်ပြော---

၂/ မနီလာခိုင်နေအအိမ်မှာလိုင်စင်မဲ့အရက်
ရောင်းနေကြောင်း သတင်းအရဟုဆိုပြီး
ရဲတပ်ဖွဲ့ဝင်များက (၃)ကြိမ်လာရောက်ရှာဖွေ
ကြပါတယ် ဒါပေ့မယ် မတွေရှိဘူး တစ်ကယ်လည်း
မရောင်းလိုမတွေတာပါဟု ကျေးရွာအအုပ်ချူပ်ရေး
မူးး ဆို---

၃/သူတို့တွေအရက်ရောင်းတာသိလိုလည်းကျန်တော်
ကိုယ်တိုင်း တိုင်းတနိးခဲ့ပါတယ်ဟု တိုင်းတန်းသူ
ပြော---

၎/ ဦးသောငိးညွှန်၏တိုင်းတန်းချက်အရ သွား
ရောက်စစ်ဆေးရှာဖွေခြင်းသာဖြစ်ကြောင်း
ရေကြည်မြို့မ စခန်းမူးး ပြောကြား

ဖြစ်စဉ်မှာ
******

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မယင်းကူးကျေးရွာအုပ်စု မယင်းကူးကျေးရွာတွင်နေထိုင်သည့် ဒေါ်ခင်မာညို နှင့်သမီးဒေါ်နီလာခိုင် တို့ကိုအရက်ရောင်းချသည်ဟုဆိုကာ တစ်ရွာတည်းနေ ဦးသောင်းညွန့်မှတိုင်တန်း၍ ရဲတပ်ဖွဲ့ဝင်များမှအကြိမ်ကြိမ်ဝင်ရောက်
်အရက်များရှာဖွေခဲ့သဖြင့်နစ်နာမူများရှိနေကြောင်း
နစ်နာသူ များက M.U.N(TV)သိုအတည်ပြုဆိုသည်
ဖြစ်စဉ်မှာ
နစ်နာသူဒေါ်ခင်မာညို နှင့်သမီးဖြစ်သူဒေါ်နီလာခိုင်တို့သည် နေအိမ်၌ရှိနေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှကြိုင်နှင့် ရေကြည်မြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်း ရဲမာန်အောင် နှင့် နယ်ထိန်ီးးစိုးမင်းသူတို့သည် (၂၀-၅-၂၀၁၉) ရက်နေ့၌ ဒေါ်နီလာခိုင် နေအိမ်တွင်အရက်များဝင်ရောက်ရှာဖွေခဲ့ကြောင်း
ဆက်လက်၍ (၄-၆-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင် ဆယ်အိမ်မှူး-ရာအိမ်မှူး-ရပ်မိ-ရပ်ဖများ ရေကြည်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဘိုဘိုဟိန်း နှင့်နယ်ထိန်း ရဲမာန်အောင်တို့သည် (၄-၆-၂၀၁၉) ရက်နေ့မှာပဲ ဒေါ်နီလာခိုင် နေအိမ်တွင် အရက်များရောင်းချသည်ဟုတိုင်တန်းသဖြင့် ဒုတိယအကြိမ်ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် (၉-၆-၂၀၁၉) ရက်နေ့ နံက် ၉နာရီခန့်တွင် ကျုံပျော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သန်းဦး ဦးဆောင်သော ရဲတပ်ဝင်(၅) ဦးတို့က တတိယအကြိမ် ဒေါ်နီလာခိုင်နေအိမ်တွင် အရက်များဝင်ရောက်ရှာဖွေခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှကြိုင်ပြောပြ၍သိရသည်။
ကျမတို့နေအိမ်ခြံအတွင်း အရက်ဝင်ရောက်ဖမ်းဆီတာ(၃)ကြိမ်ရှိပြီး မိဘဘိုးဘွားအစဉ်အလာတည်းက အရက်ရောင်းချကာ အသက်မွေးဝမ်ကြောင်းအဖြစ်မပြုလုပ် မရောင်းချဘူးကြောင်းနှင့် ဒေါ်နီလာခိုင်တွင် သားသမီး ၂ ယောက်ရှိပြီ ကျောင်းသား/ကျောင်းသူဖြစ်ကာ အမေအိုနှင့်အတူ တောင်သူလယ်သမားတစ်ဦးဖြစ်ကြောင်ဒေါ်နီလာခိုင်ကပြောသည်။
ဒေါ်နီလာခိုင်မှသူတစ်ခါမှအရက်ရောင်းခဲ့တာမရှိပဲနှင့်အခုလို အရက်ဝင်ရောက်ရှာဖွေဖမ်းရတာလည်းမေးကြည့်ရာ ဦးသောင်းညွန့်ဆိုသူက တိုင်တန်း၍တာဝန်အရရှာဖွေရကြောင်း လာရောက်ရှာဖွေတဲ့ရဲတပ်သားများကပြန်လည်ဖြေကြားကြောင်းကို ဒေါ်နီလာခိုင်ပြောပြ၍သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး တိုင်းတန်းသူ
ဦးသောင်းညွှန်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်း
ကြည်ရာ မိမိအနေဖြင့် တိုင်ကြားခဲ့တာမှန်ကန်
ကြောင်း ဒေါ်နီလာခိုင်တို့ အရက်ရောင်းသည်
ဖြစ်စေ/မရောင်းသည့်ဖြစ်စေ မိမိအနေဖြစ်သူ
တို့လိုင်စင်မဲ့အရက်ရောင်းနေတာသိရှိကြောင်း
ကျန်တော်လည်း လိုင်စင်နဲ့တရားဝင်
ယခုအရက်ရောင်းနေတာကြောင်းမိမိဆိုင်သို့
လာရောက်သောက်ကြသည် သူများက
ဒေါ်နီလာခိုင်တို့အရက်ရောင်းနေကြောင်း
ပြောကြားခဲ့သဖြင့် ယခုလို တိုင်တန်းရခြင်းတာ
ဖြစ်ကြောင်း စသည်များကို M.U.N(TV)သို့
ပြန်လည်ဖြေကြားပေးခဲ့သည် ၄င်းဖြစ်စဉ်
နှင့်ပက်သက်၍ ရေကြည်မြို့မရဲစခန်းသို့
သွားရောက်မေးမြန်းကြည်ရာ
စခန်းမူး ဒုရဲမှူး ဇော်နိုင်ဦး ကို(၁၀-၆-၂၀၁၉) ရက်နေ့ နံက် ၁၁ နာရီခန့်အချိန်တွေ့ဆုံ၍မေးမြန်းကြည့်ကာ ဦးသောင်းညွန့်တိုင်တန်းသဖြင့်ရှာဖွေခြင်းဖြစ်ကြောင်း ပြောပြ၍သိရသည်။ ယင်းကြောင့်
အရက်မရောင်းဘဲ ရောင်းသည်ဟု
အကြိမ်ကြိမ် တိုင်တန်းမှုများကြောင့်
ရဲတပ်ဖွဲ့မှမကြာခဏဆိုသလို
လာရောက်စစ်ဆေးခြင်းများပြုလုပ်နေမှုများကြောင့်
နစ်နာနေပါသည်ဟု နစ်နာသူများက
M.U.N(TV)သို အတည်ပြုပြောကြားခဲ့သည်

*****
ဒီသတင်းကို
ဆန်းတင့်-ဧရာဝတီတိုင်းအခြေစိုက် 
M.U.N(TV)သတင်းထောက်က ပေးပို့ထားသည်
(ရုပိသံသတင်းကိုဆက်လက်ဖော်ပြသွားမည်)

KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ





I BUILT MY SITE FOR FREE USING