နေပြည်တော်၊ ဇွန်လ (၁၂) ရက်
------------------------------
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဌာန (၁၈) ခုတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့(CPU) ဖွဲ့စည်းဆောင်ရွက်နေမှု၊ ကျောင်းသားလူငယ်များ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးအတွက် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ပညာပေးအစီအစဉ်များ ဆောင်ရွက်နေမှု၊ ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းကို နေပြည်တော်တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့မှု၊ အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ် ပေးရေး ဥပဒေ (မူကြမ်း) ရေးဆွဲဆောင်ရွက်နေမှု အပါအဝင် ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက် ခဲ့ကြ
ကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်မအရ
သိရသည်
kk--M.U.N(TV)MDN
တာဝန်ခံအယ်ဒီတာ
နန်းနန်း-M.U.N(TV) နေပြည်တော်