11 Jun

ရေကြည် ဇွန် ၁၁ (သတင်းရုပ်သံ)

၁/ကျွှန်မ မှာယောက်ကျားမရှိတာကြောင့်ကြုံရာ
အလုပ်လေးနဲ့မိသားစားဝတ်နေရေအဆင်ြေ
အောင် ထမင်းချက်အလုပ်ကိုရိုးသားစွာလုပ်ကိုင်
နေတာပါ ဒါကို အခုတိုင်းတန်းသူက ကျန်မတို
လိုင်စင်မဲ့အရက်ရောင်းတယ်ဟု ဆိုပြီးတိုင်းကြား
ချက်အရဆိုကာ ရဲတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ်
လာရောက်စစ်ဆေးခြင်းများခံရတာကြောင့်
အရမ်းကိုအရှက်ရပြီးအိမ်အပြန်တောင်မထွက်
ရဲတော့ဘူး ဟု နစ်နာသူကာယကံရှင်ပြော---

၂/ မနီလာခိုင်နေအအိမ်မှာလိုင်စင်မဲ့အရက်
ရောင်းနေကြောင်း သတင်းအရဟုဆိုပြီး
ရဲတပ်ဖွဲ့ဝင်များက (၃)ကြိမ်လာရောက်ရှာဖွေ
ကြပါတယ် ဒါပေ့မယ် မတွေရှိဘူး တစ်ကယ်လည်း
မရောင်းလိုမတွေတာပါဟု ကျေးရွာအအုပ်ချူပ်ရေး
မူးး ဆို---

၃/သူတို့တွေအရက်ရောင်းတာသိလိုလည်းကျန်တော်
ကိုယ်တိုင်း တိုင်းတနိးခဲ့ပါတယ်ဟု တိုင်းတန်းသူ
ပြော---

၎/ ဦးသောငိးညွှန်၏တိုင်းတန်းချက်အရ သွား
ရောက်စစ်ဆေးရှာဖွေခြင်းသာဖြစ်ကြောင်း
ရေကြည်မြို့မ စခန်းမူးး ပြောကြား

ဖြစ်စဉ်မှာ
******

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မယင်းကူးကျေးရွာအုပ်စု မယင်းကူးကျေးရွာတွင်နေထိုင်သည့် ဒေါ်ခင်မာညို နှင့်သမီးဒေါ်နီလာခိုင် တို့ကိုအရက်ရောင်းချသည်ဟုဆိုကာ တစ်ရွာတည်းနေ ဦးသောင်းညွန့်မှတိုင်တန်း၍ ရဲတပ်ဖွဲ့ဝင်များမှအကြိမ်ကြိမ်ဝင်ရောက်
်အရက်များရှာဖွေခဲ့သဖြင့်နစ်နာမူများရှိနေကြောင်း
နစ်နာသူ များက M.U.N(TV)သိုအတည်ပြုဆိုသည်
ဖြစ်စဉ်မှာ
နစ်နာသူဒေါ်ခင်မာညို နှင့်သမီးဖြစ်သူဒေါ်နီလာခိုင်တို့သည် နေအိမ်၌ရှိနေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှကြိုင်နှင့် ရေကြည်မြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်း ရဲမာန်အောင် နှင့် နယ်ထိန်ီးးစိုးမင်းသူတို့သည် (၂၀-၅-၂၀၁၉) ရက်နေ့၌ ဒေါ်နီလာခိုင် နေအိမ်တွင်အရက်များဝင်ရောက်ရှာဖွေခဲ့ကြောင်း
ဆက်လက်၍ (၄-၆-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင် ဆယ်အိမ်မှူး-ရာအိမ်မှူး-ရပ်မိ-ရပ်ဖများ ရေကြည်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဘိုဘိုဟိန်း နှင့်နယ်ထိန်း ရဲမာန်အောင်တို့သည် (၄-၆-၂၀၁၉) ရက်နေ့မှာပဲ ဒေါ်နီလာခိုင် နေအိမ်တွင် အရက်များရောင်းချသည်ဟုတိုင်တန်းသဖြင့် ဒုတိယအကြိမ်ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် (၉-၆-၂၀၁၉) ရက်နေ့ နံက် ၉နာရီခန့်တွင် ကျုံပျော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သန်းဦး ဦးဆောင်သော ရဲတပ်ဝင်(၅) ဦးတို့က တတိယအကြိမ် ဒေါ်နီလာခိုင်နေအိမ်တွင် အရက်များဝင်ရောက်ရှာဖွေခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှကြိုင်ပြောပြ၍သိရသည်။
ကျမတို့နေအိမ်ခြံအတွင်း အရက်ဝင်ရောက်ဖမ်းဆီတာ(၃)ကြိမ်ရှိပြီး မိဘဘိုးဘွားအစဉ်အလာတည်းက အရက်ရောင်းချကာ အသက်မွေးဝမ်ကြောင်းအဖြစ်မပြုလုပ် မရောင်းချဘူးကြောင်းနှင့် ဒေါ်နီလာခိုင်တွင် သားသမီး ၂ ယောက်ရှိပြီ ကျောင်းသား/ကျောင်းသူဖြစ်ကာ အမေအိုနှင့်အတူ တောင်သူလယ်သမားတစ်ဦးဖြစ်ကြောင်ဒေါ်နီလာခိုင်ကပြောသည်။
ဒေါ်နီလာခိုင်မှသူတစ်ခါမှအရက်ရောင်းခဲ့တာမရှိပဲနှင့်အခုလို အရက်ဝင်ရောက်ရှာဖွေဖမ်းရတာလည်းမေးကြည့်ရာ ဦးသောင်းညွန့်ဆိုသူက တိုင်တန်း၍တာဝန်အရရှာဖွေရကြောင်း လာရောက်ရှာဖွေတဲ့ရဲတပ်သားများကပြန်လည်ဖြေကြားကြောင်းကို ဒေါ်နီလာခိုင်ပြောပြ၍သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး တိုင်းတန်းသူ
ဦးသောင်းညွှန်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်း
ကြည်ရာ မိမိအနေဖြင့် တိုင်ကြားခဲ့တာမှန်ကန်
ကြောင်း ဒေါ်နီလာခိုင်တို့ အရက်ရောင်းသည်
ဖြစ်စေ/မရောင်းသည့်ဖြစ်စေ မိမိအနေဖြစ်သူ
တို့လိုင်စင်မဲ့အရက်ရောင်းနေတာသိရှိကြောင်း
ကျန်တော်လည်း လိုင်စင်နဲ့တရားဝင်
ယခုအရက်ရောင်းနေတာကြောင်းမိမိဆိုင်သို့
လာရောက်သောက်ကြသည် သူများက
ဒေါ်နီလာခိုင်တို့အရက်ရောင်းနေကြောင်း
ပြောကြားခဲ့သဖြင့် ယခုလို တိုင်တန်းရခြင်းတာ
ဖြစ်ကြောင်း စသည်များကို M.U.N(TV)သို့
ပြန်လည်ဖြေကြားပေးခဲ့သည် ၄င်းဖြစ်စဉ်
နှင့်ပက်သက်၍ ရေကြည်မြို့မရဲစခန်းသို့
သွားရောက်မေးမြန်းကြည်ရာ
စခန်းမူး ဒုရဲမှူး ဇော်နိုင်ဦး ကို(၁၀-၆-၂၀၁၉) ရက်နေ့ နံက် ၁၁ နာရီခန့်အချိန်တွေ့ဆုံ၍မေးမြန်းကြည့်ကာ ဦးသောင်းညွန့်တိုင်တန်းသဖြင့်ရှာဖွေခြင်းဖြစ်ကြောင်း ပြောပြ၍သိရသည်။ ယင်းကြောင့်
အရက်မရောင်းဘဲ ရောင်းသည်ဟု
အကြိမ်ကြိမ် တိုင်တန်းမှုများကြောင့်
ရဲတပ်ဖွဲ့မှမကြာခဏဆိုသလို
လာရောက်စစ်ဆေးခြင်းများပြုလုပ်နေမှုများကြောင့်
နစ်နာနေပါသည်ဟု နစ်နာသူများက
M.U.N(TV)သို အတည်ပြုပြောကြားခဲ့သည်

*****
ဒီသတင်းကို
ဆန်းတင့်-ဧရာဝတီတိုင်းအခြေစိုက် 
M.U.N(TV)သတင်းထောက်က ပေးပို့ထားသည်
(ရုပိသံသတင်းကိုဆက်လက်ဖော်ပြသွားမည်)

KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ





Comments
* The email will not be published on the website.
I BUILT MY SITE FOR FREE USING