

ရေကြည် ဇွန် ၁၁
ရေကြည်မြို့နယ် အလုပ်သမား|လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေကြည်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံက် ၉ နာရီတွင် နွားရေတိုက်ကျေးရွာအုပ်စု ငါးတဲစုကျောင်းကြီးအတွင်းရှိ ဓမ္မာရုံတွင် နိုင်ငံသားစီစစ်ရေကတ်ပြားအသစ်ပြုလုပ်ခြင်း-အိမ်ထောင်စုလူဦးရေစာရင်းဇယားအသစ်ပြုလုပ်ြခင်း-ခွဲထွက်ခြင်း-လူဦးရေထပ်တိုးခြင်း-မွေးဖွားခြင်း-သေဆုံးခြင်းများပြုလုပ်ပေးကြောင်း လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ထက်ယဉ်မွန်ပြောပြ၍သိရသည်
လာရောက်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားနှင်အိမ်ထောင်စုလူဦးရေစာရင်းဇယား ပြုလုပ်သူများကို မိမိဘက်မှဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသေးစိတ် နွေးထွေးစွာဖြင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထူးကျော်ကျော်ဇော် မှပြောပြသည်။
နိုင်ငံသားစီစစ်ရေးကတ်ပြားပျက်စီးခြင်း အသက် ၁၈ ပြည့်ပြီးလဲလှယ်ပေးခြင်းကိုပါပြုလုပ်ပေးခြင်းနှင့် နွားရေတိုက်ကျေးရွာအုပ်စုတွင် နိုင်ငံသားစီစစ်ရေးကတ်ပြားအသစ်ပြုလုပ်သူ အိမ်ထောင်စုလူဦးရေစာရင်းဇယားအသစ်ပြုလုပ်သူ (၁၅၀)ဦးပြုလုပ်ကြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးပြောပြ၍သိရှိရသည်။
****
ဒီသတင်းကို
ဆန်းတင့်--ဧရာဝတီတိုင်းအခြေစိုက်
M.U.N(TV)သတင်းထောက်က
ရေကြည်မြို့ကနေပေးပို့ထားသည်
-------
KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ