12 Jun

မလှိုင် ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး-မိတ္ထီလာခရိုင်-မလှိုင်မြို့နယ်-လယ်ဗျာကျေးရွ
အုပ်စု ရေပေါ်ကျေးရွာတွင် (၉-၆-၂၀၁၉)ရက်နေ့ ၇ နာရီအချိန်ခန့်တွင် တစ်ရွာတည်းအတူနေထိုင်သည့် အမဖြစ်သူ ဒေါ်ညိုနေအိမ်၌ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်၍ ဒဏ်ရာများရရှိကြောင်းကြားသိသဖြင့် သွားရောက်ကြည့်ခဲ့ရာ ဒေါ်ညိုတွင်ဦးခေါင်းဝဲ/ယာ၌ပေါက်ပြဲဒဏ်ရာ(၂)ချက် ဝဲဘက်နောက်ကြောတွင်ပြတ်ရှဒဏ်ရာတစ်ချက်(၁)ချက် ဝဲဘက်လက်သန်းပြတ်ရှဒဏ်ရာနှင့်သားဖြစ်သူ မောင်ဝေဖြိုး အတူနေထိုင်သူတွင် ဝဲဘက်လက်ဖဝါး ပြတ်ရှဒဏ်ရာ(၁)ချက် တွေ့ရှိရသဖြင့် ဒေါ်ညိုအားမေးမြန်းရာ ဦးအောင်မြင့်မှဦးခေါင်းအား တူဖြင့်ထု၍ ဦးခေါင်းဝဲ/ယာတွင်ဒဏ်ရာရှိခဲ့ပြီး-ဓားဖြင့်ခုတ်သဖြင့် ဝဲဘက်နောက်ကြောတွင်( ၃ )လက်မခန့် ပြတ်ရှဒဏ်ရာများရရှိကြောင်း-မောင်ဝေဖြိုးမှ မိဘနှစ်ဦးစကားများရန်ဖြစ်နေစဉ် ဝင်ရောက်ဖြန်ဖြေသဖြင့် မောင်ဝေဖြိုး၏ ဝဲဘက်လက်ဖဝါးတွင်ပြတ်ရှဒဏ်ရာ( ၁ )ချက်ရှိကြောင်းပြန်လည်ပြောပြသဖြင့် ဒေါ်ညိုအားတူဖြင့်ထုခြင်း-ဓားဖြင့်ခုတ် တူဖြစ်သူမောင်ဝေဖြိုးတွင်မောင်ဝေဖြိုးတွင်ပြတ်ရှဒဏ်ရားများရရှိအောင်ပြုလုပ်ခြင်းတို့အတွက် ၂၀၁၉ ခုနှစ်ဇွန်လ ၉ ရက် ၁၂ နာရီအချိန်ခန့်တွင် ဆည်တိုရဲကင်းစခန်း (ပ) ၁၄/၂၀၁၉ -ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၂၆ ဦးအောင်မြင့် မွေးမြူရေးလုပ်ငန်း-ရေပေါ်ကျေးရွာ-လယ်ဗျာကျေးရွာအုပ်စု-မလှိုင်မြို့နယ်နေသူအား ဖမ်းဆီးရမိရေးအတွက် ရဲအုပ် အောင်ဝင်းလှိုင်ဦးဆောင်သည့်တပ်ဖွဲ့နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ရွှေတိုး-ကျေးရွာတာဝန်ခံ ဦးကျော်ဆန်းတို့နှင့်အတူ လိုက်လံစုံစမ်းရှာဖွေရာတွင် ၁၄၁၀ နာရီအချိန်၌ ဦးအောင်မြင့်နေထိုင်ရာနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝန်းအတွင်း၌(၄×၃)ပင် မြေစိုက်သွပ်မိုး နွားတဲအတွင်ရှိ နွားစာများသိုလှောင်ထားသော နွားစာတိုက်အပေါ်တွင် အမြင့် ၇ ပေခန့်ရှိ ထုတ်တန်းအရှည် ၈ ပေခန့် လုံးပါတ်လက်ညှိးခန့်ရှိ အနီရောင်ချည်ကြိုးဖြင့် ချီနှောင်ကာ လည်ပင်းတွင်ကြိုးကွင်းစွပ်လျှက် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရပြီး ၄င်းခန္ဒာကိုယ်အားစစ်ဆေးရာ ဝဲဘက်ဒူးပွန်းပဲ့ဒဏ်ရာနှင့် ဦးခေါင်ဝဲဘက်ချိုစောင်း ပွန်းပဲ့ပေါက်ပြဲဒဏ်ရာတို့အားတွေ့ရှိရပြီး ဇနှီးဒေါ်ညို မွေးမြူရေးလုပ် ရေပေါ်ကျေးရွာ-လယ်ဗျာအုပ်စု - မလှိုင်မြို့နယ်နေသူနှင့် စကားများရန်ဖြစ်စဉ် အပြန်အလန်ရိုက်နှက်ခဲ့ရာမှ ရရှိသောဒဏ်ရာများဖြစ်ကြောင်း အခင်းဖြစ်စဉ် ဝင်ရောက်ဖြန်ဖြေပေးသည့် သားဖြစ်သူ မောင်ဝေဖြိုး (၁၃) နှစ်မှပြောပြသိရှိရသဖြင့် ဦးအောင်မြင့်သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးပေးနိုင်ပါရန် တိုင်တန်းသဖြင့် ၂၀၁၉ ခုနှစ် ဇွန် ၉ ရက် ၁၅၃၀ နာရီအချိန် ဆည်တိုရဲကင်းစခန်း သေမှုသေခင်အမှတ်စဉ်(၁/၂၀၁၉)ဖြင့်ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း
ဆည်တိုနယ်မြေရဲစခန်းမှတ်တမ်းများအရ
သိရသည်
*****
KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ
RD မလိုင်

ReplyForward










Comments
* The email will not be published on the website.
I BUILT MY SITE FOR FREE USING