12 Jun
------------ရေကြည် ဇွန် ၁၂ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တေဇာသီရိခန်းမ၌ ယနေ့နံက် ၁၀ နာရီတွင် လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို အပိုင်း(၂)ပိုင်းခွဲပြီးကျင်းပပြုလုပ်ကြောင်းသိရသည်။
ပထမပိုင်းတွင်း အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးမျိုးညွန့်မှအဖွင့်အမှာစကားပြောကြားခြင်း ထိုနောက်ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း ကအမှာစကားပြောကြားခြင်းနှင့် ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင် ကပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များပြောကြားပြီး ပထမပိုင်းအခန်းအနားပြီးစီးကြောင်းသိရသည်။
ဒုတိယပိုင်းကိုဆက်လက်ကျင်းပရာ "လူငယ်နှင့် မူးယစ်ဆေး"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေနွေးသူများနေရာယူခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးမျိုးညွန့် ရေကြည်မြို့နယ် မြို့မရဲစခန်းမှ ရဲမှူးအောင်ကံညွန့် မြို့နယ်ကျန်းမာရေး ဒေါက်တာဇော်အောင် မြို့နယ်ပညာမှူးရုံးမှ ပညာရေးမှူး ဒေါ်ခင်ခင်အေး မြို့နယ် ဥပဒေအရာရှိ မြို့နယ်ဥပဒေရုံးမှ ဒေါ်မေသဲဇော် နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးစီစီအောင် တို့(၆) ဦးသည် "လူငယ်နှင့် မူးရစ်ဆေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဦးဆောင် ဆွေးနွေးကြသည်။
တက်ရောက်လာသော ကျောင်းသား-ကျောင်းသူများနှင့် ကျောင်းသားမိဘများက မိမိတို့သိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားပြီး ပြည်သူ့စကားဝိုင်း တက်ရောက်နားထောင်သူ ၃၀၀ ကျော်ခန့်ရှိပြီး အခန်းအနားအပြီးတွင် မှတ်တမ်းဓာတ်ပုံများရိုက်ခြင်း နှင့် ပြည်သူ့စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပကြောင်းသိရှိရသည်
***
ဒီသတင်းကို
ဆန်းတင့် M.U.N(TV)
သတင်းထောက် ကရေကြည်မြို့ကနေ ပေးပိုထားသည်

KK--M.U.N(Tv)တာဝန်ခံအယ်ဒီတာ

ReplyForward





















Comments
* The email will not be published on the website.
I BUILT MY SITE FOR FREE USING