ရေကြည်  ဇွန်  ၁၁

         ရေကြည်မြို့နယ်   အလုပ်သမား|လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေကြည်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံက် ၉ နာရီတွင် နွားရေတိုက်ကျေးရွာအုပ်စု ငါးတဲစုကျောင်းကြီးအတွင်းရှိ ဓမ္မာရုံတွင် နိုင်ငံသားစီစစ်ရေကတ်ပြားအသစ်ပြုလုပ်ခြင်း-အိမ်ထောင်စုလူဦးရေစာရင်းဇယားအသစ်ပြုလုပ်ြခင်း-ခွဲထွက်ခြင်း-လူဦးရေထပ်တိုးခြင်း-မွေးဖွားခြင်း-သေဆုံးခြင်းများပြုလုပ်ပေးကြောင်း လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ထက်ယဉ်မွန်ပြောပြ၍သိရသည်
       လာရောက်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားနှင်အိမ်ထောင်စုလူဦးရေစာရင်းဇယား ပြုလုပ်သူများကို မိမိဘက်မှဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသေးစိတ် နွေးထွေးစွာဖြင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး  ဦးထူးကျော်ကျော်ဇော်  မှပြောပြသည်။
       နိုင်ငံသားစီစစ်ရေးကတ်ပြားပျက်စီးခြင်း အသက် ၁၈ ပြည့်ပြီးလဲလှယ်ပေးခြင်းကိုပါပြုလုပ်ပေးခြင်းနှင့် နွားရေတိုက်ကျေးရွာအုပ်စုတွင် နိုင်ငံသားစီစစ်ရေးကတ်ပြားအသစ်ပြုလုပ်သူ အိမ်ထောင်စုလူဦးရေစာရင်းဇယားအသစ်ပြုလုပ်သူ (၁၅၀)ဦးပြုလုပ်ကြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးပြောပြ၍သိရှိရသည်။
****
ဒီသတင်းကို
ဆန်းတင့်--ဧရာဝတီတိုင်းအခြေစိုက်
M.U.N(TV)သတင်းထောက်က 
ရေကြည်မြို့ကနေပေးပို့ထားသည်
-------
KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ

နေပြည်တော် ဇွ န် ၁၁
*******
(သတင်းဆောင်းပါး/ရုပ်သံ)
****************
ရွှေကူမြို့သည် မြန်မာနိုင်ငံ ကချင်ပြည်နယ်ဗန်းမော်
ခရိုင်အတွင်းတည်ရှိသည် ရွှေကူမြို့နယ်သည်
ရွှေကူမြို့နှင့်မြို့လှမြို့ တို့ပါဝင်ပြီးအစိုးရရုံးစိုက်ရာ
မြို့နယ်ဖြစ်ကြောင်းသိရသည် ရွှေကူမြို့သည်
လူဦးရေတစ်သိန်းကျော်ခန့်နေထိုင်ကြသကဲ့သို့
ဒေသခံအများစုမှာ ရိုးရာမြေအိုမီးဖုတ်ပြီး
ပန်းအလှချယ်သသည်မြေအိုးလုပ်ငန်းများကိုသာ
အဓိကလုပ်ကိုင်ဆောင်ရွက်တော့လည်းရွှေကူ
မြို့နှင့်အနီးဝန်းကျင်ကျေးရွာအုပ်စုများ၌
ရွှေလုပ်ကွက်များ/လမ်းခင်းကျောက်ထုတ်လုပ်သည်
လုပ်ငန်းများစွာ တည်ရှိသည် ရွှေကူမြို့သို့
M.U.N(TV)ဝိုင်းတော်သားများက ခရီးတစ်ခေါက်
ရောက်ခဲ့စဉ် အဆိုပါဒေသခံပြည်သူများ၏
စားဝတ်နေရေး သွားလာရေး များအပြင်
ယင်းဒေသ၌ဒေသဖွံဖြိုးတိုးတက်ရေး-ရှိ/မရှိ
တရားဥပဒေစိုးမိုးရေးရပ်ရွာတည်ငြိမ်အေးချမ်း
ရေး ရှိ/မရှိ စသည်များနှင့်ပက်သက်၍ အဆိုပါ
ဒေသရှိ အထွေအထွေအုပ်ချူပ်ရေးဦးစီးဌာန မှ
မြို့နယ်အုပ်ချူပ်ရေး ဖြစ်သူနှင့်တွေဆုံပြီး တရားဝင်
စာထုတ်ပြန်ကာ ယင်းဒေသရှိသက်ဆိုင်ရာဌာနများ
၏ လုပ်ငန်းဆောင်ရွက်နေမှု များ ဒေသခံပြည်သူ
များ၏နစ်နာဆုံးရှုံးမှုများ ကို သတင်းရုပ်သံ
ဆောင်းပါး အား ရိုက်ကူးခဲ့သည်

၁/ပြည်သူလွှတ်တော် ကိုယ်စားလှယ် သက်တမ်း
(၃)နှစ်တာကာလအတွင်း မြေစစ် မထိုင်ခဲ့သေး
ကြောင်း ထွေ/အုပ် ရုံးရှေ့ဆိုင်ဘုတ်မှာ
ရေးသားထားသည့်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီ
ဟုရေးထားပေ့မယ် မြေစစ်မထိုင်ခဲ့သေးကြောင်း
အလားတူ ရွှေကူမြို့နယ်မှာ တရားဝင်လိုင်စင်
ဖြင့်လုပ်ကိုင်နေသည့် ရွေလုပ်ကွက်/လမ်းခင်း
ကျောက် ထုတ်လုပ်သည်လုပ်ငန်းများဟာ
တရားဝင်များထက် တရားမဝင်လုပ်ကိုင်နေသူ
တွေကပိုများနေကြောင်းလည်းစစ်ဆေးတွေရှိ
ရကြောင်း ကျန်တော်တို့ပြည်သူလွှတ်တော်ကိုယ်
စားလှယ်ဆိုတာက ပြည်သူလူထုရဲနစ်နာဆုံးရုံး
မှုများကိုအဓိကဖြေရှင်းပေးနေသလို ဒေသဖွံဖြိုး
တိုးတက်ရေးကအစ ထွေ/အုပ်နဲ့ပူးပေါင်း
ပြီးလုပ်ကိုင်ရတာတွေရှိပေ့မယ် ယခုရွှေကူ
ထွေ/အုပ် က မြို့နယ်အုပ်ချူပ်ရေးမူးး က
ပူးပေါင်းမှုအားနည်းခြင်းကြောင့် နိုင်ငံတော်
သမ္မတ ထံကိုတင်ပြထားကြောင်း ရွှေကူမြို့နယ်
ပြည်သူလွှတ်တော်ကိုယ်စားလှယ်-ပြောကြား---

၂/ ကျွန်တော်တာဝန်ယူဆောင်ရွက်ခဲ့သည်
(၃)နှစ်တာကာလအတွင်းရွှေကူမြို့နယ်မှာ
တရားဥပဒေစိုးမိုးရေး ရပ်ရွာတည်ငြိမ်အေးချမ်း
ရေး ဒေသဖွံဖြိုးတိုးတက်ရေးစသည်များကို
ဆောင်ရွက်ပေးခဲ့ပါကြောင်း ရွှေကူမြို့နယ်မှာ
တည်ရှိနေသည့် ရွှေလုပ်ကွက်များ လမ်းခင်းကျောက် ထုတ်လုပ်သည် လုပ်ငန်းများ
ဟာ တရားဝင် လိုင်စင်များဖြင့်သာ လုပ်ကိုင်
နေကြတာဖြစ်ကြောင်း ရွှေကူမြို့နယ်မှာ
စွန့်လွတ် မြေ များနှင့်ပက်သက်၍လည်း
အချို့မြေပိုင်ရှင်များမရှိသေးခြင်းစသည်များ
ကြောင့် ဗဟိုလယ်/စီ သို့ တင်ပြထားကြောင်း
စသည်များကို ရွှေကူ မြို့နယ် အုပ်ချူပ်ရေးမူးး ဆို

၃/ကျန်တေိာ တပ်မတော်က ပင်စင်အငြိမ်းစား
ယူပြီးနောက် မိသားစု စားဝတ်နေရေးအတွက်
စုဆောင်းထားတဲ့ငွေလေးနဲ့ မြေ/ယာကို
ဝယ်ယူလုပ်ကိုင်နေပါတယ် ဒါပေ့ 
ဒီနောက် (နဝတ)လက်ထပ်မှာကျန်တော်မြေ
အသိမ်းခံရပြီးနောက် သားသမီးကိုပညာဆက်လက်မသင်ပေးနိုင်တာ
ကြောင့် ရေခဲချောင်း ရောင်းခိုင်ရပါတယ်
ယခု သိမ်းဆည်းခံမြေယာများ
ပြန်လည် ပေးအပ်နေချိန်မှာ ကျန်တော် ပိုင်ဆိုင်
တဲ့ မြေ/ယာ (၁၈)ဧက နှင့်ပက်သက်ပြီး
ရွှေကူ ထွေ/အုပ်ကို ကျန်တေိာပိုင်ဆိုင်သည်
အထောက်အထားများနဲ့တင်ပြခဲ့တာ
ဆိုရင် အချိန်ရေမနည်းတော့ဘူး ဒါပေ့မယ်
မြို့နယ် အုပ်ချူပ်ရေးမူးဆိုသူက 
အလုပ် လုပ်တာအားနည်းခြင်းကြောင့်
ပြည်နယ်အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြသွား
မှာပါဟု မြေသိမ်းဆည်းခံရသူ ပြည်သူ
တစ်ဦးဆို စသည် သက်ဆိုင်ရာဌာနများမှာ
တာဝန်ရှိသူများနှင့်တွေဆုံး၍ သတင်းရုပ်သံ
ဆောင်းပါး ကိုတင်ပြပေးလိုက် ရပါတယ်
*****
မှတ်ချကိ --အဆိုပါသတင်းအားရွှေကူမြို့နယ်
သို့ သွားရောက်ရိုက်ကူးစဉ်
ရွှေကူ ထွေ/အုပ် မှ ဒုတိယမြို့နယ်အုပ်ချူပ်ရေး
မူးး က M.U.N(TV)M.D.N
အထက်မြန်မာနိုင်ငံတာဝန်ခံအား ၄င်း၏
ရုံးခန်းသို့ ခေါ်ယူ စစ်ဆေးခြင်းများလည်းပြုလုပ်
ခဲ့ကြောင်း သိရသည်
၎င်းသတင်းကို -သတင်းစာ/များ၌ဆက်လက်
ဖော်ပြပေးသွာမည်
******
သတင်းရိုက်ကူး/ တည်းဖြတ်
Video-SRP-Edit
KK--M.U.N(TV)M.D.N
အထက်မြန်မာပြည် --တာဝန်ခံအယ်ဒီတာ
နှင့် ဝိုင်းတော်သားများ---
******
အဆိုပါ သတင်းအားသွားရောက်ရိုက်ကူးရာ
တွင်ပါဝင်ကူညီပေးခဲ့ကြသည့်
၎င်းဒေသသစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ
နှင့်ဝန်ထမ်းများ ကို M.U.N(TV)M.D.N
မိသားစုမှ အထူးကျေးဇူးတင်ရှိပါကြောင်

မလှိုင် ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး-မိတ္ထီလာခရိုင်-မလှိုင်မြို့နယ်-လယ်ဗျာကျေးရွ
အုပ်စု ရေပေါ်ကျေးရွာတွင် (၉-၆-၂၀၁၉)ရက်နေ့ ၇ နာရီအချိန်ခန့်တွင် တစ်ရွာတည်းအတူနေထိုင်သည့် အမဖြစ်သူ ဒေါ်ညိုနေအိမ်၌ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်၍ ဒဏ်ရာများရရှိကြောင်းကြားသိသဖြင့် သွားရောက်ကြည့်ခဲ့ရာ ဒေါ်ညိုတွင်ဦးခေါင်းဝဲ/ယာ၌ပေါက်ပြဲဒဏ်ရာ(၂)ချက် ဝဲဘက်နောက်ကြောတွင်ပြတ်ရှဒဏ်ရာတစ်ချက်(၁)ချက် ဝဲဘက်လက်သန်းပြတ်ရှဒဏ်ရာနှင့်သားဖြစ်သူ မောင်ဝေဖြိုး အတူနေထိုင်သူတွင် ဝဲဘက်လက်ဖဝါး ပြတ်ရှဒဏ်ရာ(၁)ချက် တွေ့ရှိရသဖြင့် ဒေါ်ညိုအားမေးမြန်းရာ ဦးအောင်မြင့်မှဦးခေါင်းအား တူဖြင့်ထု၍ ဦးခေါင်းဝဲ/ယာတွင်ဒဏ်ရာရှိခဲ့ပြီး-ဓားဖြင့်ခုတ်သဖြင့် ဝဲဘက်နောက်ကြောတွင်( ၃ )လက်မခန့် ပြတ်ရှဒဏ်ရာများရရှိကြောင်း-မောင်ဝေဖြိုးမှ မိဘနှစ်ဦးစကားများရန်ဖြစ်နေစဉ် ဝင်ရောက်ဖြန်ဖြေသဖြင့် မောင်ဝေဖြိုး၏ ဝဲဘက်လက်ဖဝါးတွင်ပြတ်ရှဒဏ်ရာ( ၁ )ချက်ရှိကြောင်းပြန်လည်ပြောပြသဖြင့် ဒေါ်ညိုအားတူဖြင့်ထုခြင်း-ဓားဖြင့်ခုတ် တူဖြစ်သူမောင်ဝေဖြိုးတွင်မောင်ဝေဖြိုးတွင်ပြတ်ရှဒဏ်ရားများရရှိအောင်ပြုလုပ်ခြင်းတို့အတွက် ၂၀၁၉ ခုနှစ်ဇွန်လ ၉ ရက် ၁၂ နာရီအချိန်ခန့်တွင် ဆည်တိုရဲကင်းစခန်း (ပ) ၁၄/၂၀၁၉ -ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၃၂၆ ဦးအောင်မြင့် မွေးမြူရေးလုပ်ငန်း-ရေပေါ်ကျေးရွာ-လယ်ဗျာကျေးရွာအုပ်စု-မလှိုင်မြို့နယ်နေသူအား ဖမ်းဆီးရမိရေးအတွက် ရဲအုပ် အောင်ဝင်းလှိုင်ဦးဆောင်သည့်တပ်ဖွဲ့နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ရွှေတိုး-ကျေးရွာတာဝန်ခံ ဦးကျော်ဆန်းတို့နှင့်အတူ လိုက်လံစုံစမ်းရှာဖွေရာတွင် ၁၄၁၀ နာရီအချိန်၌ ဦးအောင်မြင့်နေထိုင်ရာနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝန်းအတွင်း၌(၄×၃)ပင် မြေစိုက်သွပ်မိုး နွားတဲအတွင်ရှိ နွားစာများသိုလှောင်ထားသော နွားစာတိုက်အပေါ်တွင် အမြင့် ၇ ပေခန့်ရှိ ထုတ်တန်းအရှည် ၈ ပေခန့် လုံးပါတ်လက်ညှိးခန့်ရှိ အနီရောင်ချည်ကြိုးဖြင့် ချီနှောင်ကာ လည်ပင်းတွင်ကြိုးကွင်းစွပ်လျှက် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရပြီး ၄င်းခန္ဒာကိုယ်အားစစ်ဆေးရာ ဝဲဘက်ဒူးပွန်းပဲ့ဒဏ်ရာနှင့် ဦးခေါင်ဝဲဘက်ချိုစောင်း ပွန်းပဲ့ပေါက်ပြဲဒဏ်ရာတို့အားတွေ့ရှိရပြီး ဇနှီးဒေါ်ညို မွေးမြူရေးလုပ် ရေပေါ်ကျေးရွာ-လယ်ဗျာအုပ်စု - မလှိုင်မြို့နယ်နေသူနှင့် စကားများရန်ဖြစ်စဉ် အပြန်အလန်ရိုက်နှက်ခဲ့ရာမှ ရရှိသောဒဏ်ရာများဖြစ်ကြောင်း အခင်းဖြစ်စဉ် ဝင်ရောက်ဖြန်ဖြေပေးသည့် သားဖြစ်သူ မောင်ဝေဖြိုး (၁၃) နှစ်မှပြောပြသိရှိရသဖြင့် ဦးအောင်မြင့်သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးပေးနိုင်ပါရန် တိုင်တန်းသဖြင့် ၂၀၁၉ ခုနှစ် ဇွန် ၉ ရက် ၁၅၃၀ နာရီအချိန် ဆည်တိုရဲကင်းစခန်း သေမှုသေခင်အမှတ်စဉ်(၁/၂၀၁၉)ဖြင့်ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း
ဆည်တိုနယ်မြေရဲစခန်းမှတ်တမ်းများအရ
သိရသည်
*****
KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ
RD မလိုင်

ReplyForward

မိန်းမဖြစ်သူကိုဓားဖြင့်ခုတ်သည့်ယောင်္ကျား ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
*************

I BUILT MY SITE FOR FREE USING