12 Jun
မလိုင် ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မလိုင်မြို့မ
ရဲစခန်းနယ်မြေ၌ ဇွနိ(၁၂)ရက်ညနေ(၇)နာရီ
အချိန်ခန့်၌ နယ်ထိန်းခေါင်ဆောင်ဦးဆောင်ပါဝင်
သည် နယ်ထိန်းအဖွဲ့မှ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း နယ်ထိန်းခေါင်ဆောင်ဒုရဲအုပ် စန်းမြိုင်ထံကသိရသည်ဖြစ်စဉ်မှာ
မလိုင်မြို့မရဲစခန်းမှနယ်ထိန်းခေါင်ဆောင်ဒုရဲအုပ်
စန်းမြိုင်ဦးဆောင်ပါဝင်သည် နယ်ထိန်းဒုတပ်ကြပ်
ဝင်းဇော်ဦးနှင့်ရဲတပ်ဖွဲ့ဝင်များသည်နယ်မြေသတင်း
စုံစမ်းနေစဉ်မလိုင်မြို့နယ်ကုန်းတဲကျေးရွာအုပ်စု
ကုန်းတဲဆည်မြောင်းဘက်တွင်နေထိုင်သူ
ခင်မောင်ကျော်(၃၇)နှစ်ဘ/ဦးညီဟန်
ကုန်းတဲဆည်မြောက်ရွာ မလိုင်မြို့နယ် နေသူအား
မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေကြောင်းသတင်း
အရ သက်သေများနှင့်အတူမြို့နယ်ရဲတပ်ဖွဲ့မူး၏
နေအိမ်သို့ရှာဖွေခွင့်ဝရမ်းအအမှတ် ၃/၂၀၁၉ ဖြင့်
ဝင်ရောက်ရှာဖွေရာ ဝေယံအေး(၂၀)နှစ်ဘ/
ဦးအေးသောင်းနယ်မြေ(၈)အမှတ်(၁)ရပ်ကွက်
မလိုင်မြို့နေသူအား ၄င်းနေအိမ်၌တွေရှိပြီး
သက်သေများနှင့်ဆက်လက်ရှာဖွေရာနေအိမ်
အတွင်းရှိဘီဒိုအပေါ်တွင် 88/1 စာတန်းပါ
ပနိးဆီရောင်စိတ်ကြွရူးသွပ်ဆေးပြားဟုထင်ရသော
(၁၅၄)ပြားပါ အလေးချိန်(၁၃.၈၆)ဂရမ်
၎င်း၏ခန့်မှန်တန်ဖိုးငွေစုစုပေါင်း(၁၈၄၈၀၀)ကျပ်
ခန့်နှင့်ဘီဒိုဘေးခန်းဒေါင့်တွင် 88/1 စာတန်းပါ
ပန်းဆီရောင်စိတိကြွရူးသွပ်ဆေးပြား(၃)ပြား
စုစုပေါင်း စိတိကြွရူးသွပ်ဆေးပြား (၁၅၇)ပြား
နှင့်မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည်
ဆပ်စပ်ပစ္စည်းများနှင့် ငွေစက္ကူ ရောရာ
(၂၀၀၀၀)ကျပ်တို့အားတွေရှိသဖြင့်၎င်းတို့နှစ်ဦး
အားဖမ်းဆီးပြီး စစ်ဆေးရာ ၄င်းတို့သည်
ရောင်းချရန်နှင့်သုံးစွဲရန်စစ်ဆေးပေါ်ပေါက်
သဖြင့် ခင်မောင်ကျော်နှင့် ဝေယံအေးတို့
နှစ်ဦးအား မလိုငိမြို့မရဲစခန်းက
မယ(ပ)၁/၂၀၁၉ မူး/စိတ်ပုဒ်မ ၁၉-(က)၂၀(က)
/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိ
ကြောင်း မလိုင်မြို့မ ရဲစခန်း မှနယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်စန်းမြိုင်ထံက
သိရသည်
------
KK--M.U.N(TV)M.D.N
အထက်မြနိမာပြည် တာဝန်ခံအယ်ဒီတာ
GDA--မလိုင်

ReplyForward





















Comments
* The email will not be published on the website.
I BUILT MY SITE FOR FREE USING