12 Jun

နေပြည်တော် ဇွန် ၁၁
ဖမ်းဝရမ်းထုတ်ဆင့်ထားသည်တရားခံကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်အား
မန္တလေးတိုင်းဒေသကြီး မိတ္တီလာခရိုင်ဝမ်းတွင်း
မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည် ဖြစ်စဉ်
မှာ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံး၊ ရာကြီးမှုအမှတ် ၈၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားရုံး ဖမ်းဝရမ်းထုတ်ဆင့်ထားသည့် တရားခံ ကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့် (၄၃)နှစ်၊ (ဘ)ဦးစိုးမင်းသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဖလံကျင်းကျေးရွာနေ ၎င်း၏ယောက်ခမတော်စပ်သူ ဦးကျော်မောင်၏နေအိမ်သို့ ရောက်ရှိပုန်းခိုနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်များက ယနေ့(ဇွန် ၁၀)တွင် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးရာ ဖမ်းဆီးရမိကြာင်းရဲမှတ်တမ်းများအရသိရသည်
****
KG- -M.U.N(TV)သတင်းထောက်က
ဝမ်းတွင်းမြို့ကနေပေးပို့ထားသည်

KK--M.U.N(TV)M.D.N
တာဝန်ခံအယ်ဒီတာ
photo ရဲတပ်ဖွဲ့

ReplyForward





















Comments
* The email will not be published on the website.
I BUILT MY SITE FOR FREE USING